၆ ဇန်နဝါရီ

 

တနင်္ဂနွေနေ့က ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးအနီးတွင် ဒုံးကျည်များစွာ ကျရောက်ခဲ့သည်။

 

အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများမြင့်တက်နေစဉ် အီရတ်မြို့တော်တွင် အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက် နှစ်ရက်အကြာတွင် အဆိုပါတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ဒုံးကျည်သုံးစင်း ပစ်လွှတ်မှုဖြစ်ပွားခဲ့ကြောင်း  အီရတ်လုံခြုံရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ 

 

အမေရိကန်သံရုံးတည်ရှိသည့် ခံစစ်အခိုင်အမာပြုလုပ်ထားသည့် အစိမ်းရောင်ဇုန်တွင် ဒုံးကျည်နှစ်စင်း ကျရောက်ခဲ့သည်ဟု ဆိုသည်။ 

 

အခြား ဒုံးပျံတစ်စင်းသည် အနီးအနားရှိ အိမ်တစ်လုံးပေါ်သို့ ကျရောက်ခဲ့ပြီး အနည်းဆုံး ဒေသခံ သုံးဉီး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 

 

အဆိုပါ ပေါက်ကွဲမှုမှာ မည်သူ့တွင် တာဝန်ရှိကြောင်း မသိရသော်လည်း ဒေသခံ ရှီအာ စစ်သွေးကြွအုပ်စု ဖြစ်သည့် ကာတီဘီ ဟစ်ဘိုလာတို့က အမေရိကန်နှင့် သက်ဆိုင်သည့် အဆောက်အဉီများကို တိုက်ခိုက်ရန် ခြိမ်းခြောက်ပြီးနောက် အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

သောကြာနေ့က သေဆုံးခဲ့သည့် အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့တပ်မှူးနှင့်အတူ အဆိုပါ တပ်ဖွဲ့ကိုတည်ထောင်ခဲ့သူလည်း သေဆုံးခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်