ဘီးလင်း ၇ မေ

 

ဘီးလင်းမြို့နယ်တွင် သောက်သုံးရေရှားပါးသည့် ဒေသများ၌ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် မေ ၇ ရက်က မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူး  သန်းဇော်လေး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် ကန်သာယာရပ်ကွက် ဗန္ဓုလကွက်သစ်သို့ သွားရောက်ကာ သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

ရေရှားပါးလျက်ရှိသည့် ဗန္ဓုလကွက်သစ်တွင် အိမ်ထောင်စု ၂၅၀ စုအတွက် ရေဂါလံ ၅၀ဝ၀ နှင့် ၂၀ လီတာဆံ့ သောက်ရေသန့်ဗူး ၂၅၀ ဗူးတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ရေသယ်ယာဉ် ၃ စီးဖြင့် သောက်သုံးရေများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)

 

နတိ