ဘီယာမြေအိုး သောက်ချင်သူများအတွက် Crustacean Vs The Beer Bar

၆ ဖေဖော်ဝါရီ

 

မရမ်းကုန်းမှာ ဖွင့်ထားတဲ့ အရမ်းမိုက်တဲ့ ဘားလေးအကြောင်းကို MyLann ဘော်ဒါတွေ အတွက် ရှဲပေးချင်ပါတယ်။ ယမကာ ကြိုက်တဲ့ ဘော်ဒါတွေ အတွက် အထူးပါ။

 

နာမည်က The Beer Bar တဲ့ ။ နာမည်အတိုင်း ဘီယာတွေကို ထူးထူးခြားခြား သောက်လို့ရအောင် ဖန်တီးပေးထားတော့ ကိုယ့်လူတွေကို မပြောပြပဲ မနေနိုင်လောက်အောင် ဒီဘားလေးက တော်တော်မိုက်ပါတယ်။

 

ဘာထူးခြားလဲဆိုတော့ ပုံမှာတွေ့တဲ့အတိုင်း ဘီယာမြေအိုးရယ်၊ ဘီယာ တာဝါရယ်၊ ကာလာအစုံပါတဲ့ ဘီယာတွေနဲ့အတူ တွဲဖက်စားသုံးရတဲ့ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေရယ်ပါ။ တစ်ခုချင်းစီကလည်း သောက်လို ့ကောင်းသလို အရသာကလည်း ထူးခြားတယ်။

 

 

 

ဘီယာကို မြေအိုးနဲ့ သောက်မယ်

 

သူမှာ ဒီဘီယာမြေအိုးက နာမည်တော်တော်ကြီးပါတယ်။ ပုံမှန်ဘီယာကို မြေအိုးထဲထည့် အဲ့ဒီမြေအိုးကိုမှ အင်တုံထဲထည့်ပြီးဘေးမှာ ရေခဲတွေထပ်ထည့်ပြီး တည်ခင်းပေးထားတယ်။ နဂိုထည့်ထားတဲ့ မြေအိုး အေးအေးလေးမှာ ဘီယာကို ထည့်ထားပေးတော့ သောက်ရတာ အေးစိမ့်နေတာပဲ။ သူ့အရသာက ပုံမှန် သောက်နေကြ ဘီယာထက် နည်းနည်းပြင်းသလိုရှိတယ်။ သောက်ရတာ ခပ်လေးလေးနဲ့ ပိုပြီး သောက်လို့ကောင်းတယ်။ နာမည်ကြီးနေတဲ့ ဘီယာမြေအိုး သူကနှစ်မျိုးရှိတယ်။ (၇)ခွက်ခွဲလောက်ဆံ့တဲ့ အိုးကြီးရယ် (၄)ခွက်ခွဲလောက်ဆံ့တဲ့ အိုးသေးရယ်ဆိုပြီ နှစ်မျိုးရှိတယ်။ အကြီးက (၁၀ဝ၀ဝ)ကျပ်၊ အသေးက (၆၅၀ဝ)ကျပ်။

 

နောက် #Penta_Chrome သူက(၅)ခွက်ပါတယ်။ ဘီယာခွက်ငါးခွက်မှာ ကာလာကိုစုံနေတာပဲ။ ဒီငါးခွက်ပါတာ က (၉၅၀ဝ)ကျပ်။ သုံးခွက်ပဲပါတဲ့ဟာရှိတယ်။ သူက (၆၅၀ဝ)ကျပ်။ အကယ်၍ ထပ်မှာချင်တယ်ဆိုရင်လည်း တစ်ခွက်ကို (၂၀ဝ၀)ကျပ်နဲ့ မှာလို့ရတယ်။ အဲ့ဒီမှာဆိုရင်လည်း လိုချင်တဲ့အရောင် ရွေးမှာလို့ရတယ်တဲ့။ အရောင်မတူပေမဲ့ ဘီယာအရသာကတော့ အတူတူပဲ။ ဒါပေမဲ့ ကာလာလေးတွေဆန်းတော့ သောက်ရတာ ခပ်မိုက်မိုက်ပါ။

 

ဘီယာကို အီဖယ် တာဝါပုံစံ ခွက်ထဲမှာ ထည့်ထားပြီး အမြုပ်လေးတွေ တစ်စီစီထနေတဲ့အခါ သောက်ချင်စိတ်က ထိန်းမရနိုင်အောင်ပဲ။ ဒါလေးက Eiffel Beer Set ပါတဲ့ ။ ဈေးကတော့ 7000 ကျပ်ပါ။ ဘေးမှာ သူနဲ့အတူ အမြည်းစားစရာလေးတွေပါတယ်။ ထည့်ထားတဲ့ ခွက်ကလေးတွေကလည်း အဆန်းလေးတွေပါ။ အဲ့ဒီမှာ အားလူးချောင်းကြော်ကို မရောနစ်ဆမ်းထားတာရယ်။ မြေပဲနဲ့ ပြောင်းဖူးပြုတ်ထားတာ ပါတယ်။ နောက် အကင်အနေနဲ့ ကြက်သားကင် ထည့်ထားပေးတယ်။ တခြား အကင်လည်း ရွေးစားလို့ရတယ်။ ကင်းမွန်လိပ်ပြာ၊ ဝက်ဂုတ်သား၊ ပုစွန်၊ ဂုံးယောက်မ၊ ငါးအသားလွှာ အဲ့ဒါတွေကို ကိုယ့်စိတ်ကြိုက် ရွေးချယ်လို့ရတယ်။

 

 

ဘီယာတွေနဲ့အတူ မြည်းစမ်းခဲ့တဲ့ အစားအစာလေးတွေကတော့..

 

" Seafood Island - 15000 Ks "

 

ပင်လယ်စာ အစုံကို ရေခဲခင်းထားတဲ့ ဗန်းပေါ်မှာ ထည့်ပေးထားတာ။ အေးနေတာပဲ။ ဘာတွေပါလဲ ဆိုတော့ ပန်းဂဏန်း၊ ပုစွန်၊ ခရု၊ ဂုံး ၊ ဆယ်လမွန်ငါး ၊ပြည်ကြီးငါး စတာတွေပါတယ်။ ပုစွန်ကလည်း အကြီးကြီး ထည့်ထားပေးတယ်။

 

" Grill Seafood - 8000 Ks "

 

ငါး၊ ပုစွန်နဲ့ ပြည်ကြီးငါး ပါတယ်။ ဒါတွေ အားလုံးကို ခပ်ကြွပ်ကြွပ်လေး ကင်ထားပေးတယ်။


အာလူးချောင်းကြော်ကို မရောနိစ် ဆမ်းထားတာပါတယ်။ စားရတာ လတ်လတ်ဆတ်ဆတ်ရှိတယ်။

 

ဘော်ဒါတွေနဲ ့အတူတူလာရင် တော်တော်ကောင်းတဲ့ နေရာလေးပါ ။ ကိုယ်တွေလို ဘီယာကြိုက်တဲ့ သူတွေ အတွက် အေးအေးဆေးဆေး လာသောက်လို့ကောင်းပါတယ်။ ဘီယာတင်မဟုတ်ဘဲ ကော့တေးတို ့တခြားအပြင်းကိုင်ချင်လည်း ရတယ်။

 

အကင်တွေလည်း တော်တော်စုံတယ်။ သာမန် ဘီယာကို ထူးထူးခြားခြားလေး သောက်လို့ရအောင် ပြန်ပြီး Modified လုပ်ထားတော့ သောက်ရတာ အဆန်းပါ။ ဒီဆိုင်က မြေအိုးဘီယာက ရန်ကုန်မြို့မှာ ဒီတစ်နေရာထဲ ရပါတယ်တဲ့။

 

ဆိုင်ကတော့ စားသောက်ဆိုင်လည်းပါတော့ မနက် ၁၁ ကနေ ည၁၁ထိဖွင့်ပါတယ် ။


အခြားအစားအနေနဲ့ ထမင်းနဲ့စားလို့ရမယ့် ဟင်းပွဲတွေ ဟင်းရည် အသုပ် အစုံရှိတယ် စကောထမင်းလဲရတယ် ။

 

ကိုယ်တွေလာဖို့ စီစဉ်ထားရင်လည်း Reserve လုပ်လို့ရတယ်။ မွေးနေ့ပွဲတွေ လုပ်ပေးတယ် ကားပါကင် အဆင်ပြေတယ်။ အေးအေးဆေးဆေးထိုင်ချင်ရင် ညနေ ၅ခွဲ ၆လောက်သွားရင် အဆင်ပြေတယ် ။

 

လိပ်စာက အမှတ် ၅၂ myint zu လမ်း ပါရမီ (ပါရမီတံတားအနီး)


ဖုန်းနံပါတ်က 09-455036024


#MyLann
#FoodieMyanmar
#Foodinyangon
#TheBeerBar
#Beer #BBQ