မြင်းခြံ ၄ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် မြင်းခြံ ခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာ ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေများပေးအပ် ခြင်းကို ဧပြီ ၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်က အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမောက်ဆိုင်တို့မှ ထောက်ပံ့ ငွေများပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြင်းခြံ ၊ တောင်သာ ၊ နွားထိုးကြီး ၊ ငါန်းဇွန် မြို့များရှိ ဘိုးဘွားရိပ်သာ ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအတွက် ထောက်ပံ့ငွေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့် ၊ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်း မောက်ဆိုင်တို့က ပေးအပ်ခဲ့ကြသည်။
မြင်းခြံခရိုင်တွင် ဘိုးဘွားရိပ်သာကို မြင်းခြံနှင့် တောင်သာ (၂) ခုရှိပြီး၊ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဖွင့်သော မြင်ခြံ ၊ နွားထိုးကြီး ၊ ငါန်းဇွန်မြို့ တို့မှ တစ်ကျောင်းစီနှင့် (၃) ကျောင်း ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၈) ကျောင်းတို့ရှိကြပြီး အဆိုပါ ဘိုးဘွားရိပ်သာနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှာ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ထားခြင်းဖြစ်သည် ။
လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်နှစ်စာ ထောက်ပံ့ကြေးမှာ ဘိုးဘွားရိပ်သာ ၂ ခုအတွက် ငွေကျပ် ၅၃၈၈၀ဝ၀ နှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၁)ကျောင်းအတွက် ငွေကျပ် ၇၇၀ဝ၀ဝ၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
ဦးဇော်မင်းနိုင်(မြင်းခြံ)


