ဘိုကလေး အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို အမှတ် (၃)ရပ်ကွက်အတွင်း၌ ယနေ့ မွန်းလွဲပိုင်းက တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးထွန်းအောင် ဦးဆောင်ကာသန္ဓေ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ဆောင်ရွက်ထားရှိမှုများကို တစ်အိမ်တက်ဆင်း ကြည့်ရှုစစ်ဆေး၍ မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပြီး သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေး လုံခြုံမှုရှိစေရေးအတွက် လျှပ်စစ်ကြိုးများ စနစ်တကျ သွယ်တန်း ထားရှိမှု ရှိ/မရှိ၊ ပတ်ဝန်းကျင်ရှိ လောင်စာအမှိုက်များ ရှင်းလင်းထားရန်၊ ခွင့်ပြုချက်မရှိဘဲ လောင်စာဆီများ သိုလှောင်ခြင်း မပြုရန်၊ မီးငြှိမ်းသတ်ရေးအတွက် မီးငြှိမ်းသတ်ရေးပစ္စည်းများ စနစ် တကျထားရှိရန်၊ ရေရရှိရေး အလေးထား ဆောင်ရွက်ရန်နှင့် မီးချိတ်၊ မီးကပ်၊ ရေ၊ သဲအိတ်များ ထားရှိရေး စစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးဟိန်းထက်