ရန်ကုန် ၂၂ မတ်
အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်းအမှတ်စဉ်(၂) ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ၌ ကျင်းပသည်။
အခမ်းအနားသို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်ပြီး အဆင့်မြင့်ဒီပလိုမာ ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းကာ သင်တန်းတွင် ထူးချွန်ဆုရရှိကြသော သင်တန်းသား၊ သင်တန်းသူ (၃)ဦးတို့အား စံပြဆု၊ စာပေထူးချွန်ဆုနှင့် စာပေဂုဏ်ထူးဆုတို့ကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုးက အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းဟန်၊ တက္ကသိုလ်စီမံခန့်ခွဲရေးနှင့် တက္ကသိုလ်ပညာရပ် အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များ၊ မိဘဆွေမျိုးများနှင့် သင်တန်းသား(၃၆)ဦး၊ သင်တန်းသူ(၂၅)ဦး စုစုပေါင်း (၆၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှ ၂၀၁၉ ခုနှစ် မတ် ၂၂ ရက်ထိ ရက်သတ္တ (၂၀)ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)


