၁၃ ဒီဇင်ဘာ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် ဆင်ခြေဖုံး ကီရာနီဂန်ဂျေရှိ ပလတ်စတစ်စက်ရုံ မီးလောင်ကျွမ်းမှုကြောင့် ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

 

နောက်ထပ် လူ ၂၀ မှာ ဒဏ်ရာများရရှိခဲ့သဖြင့် ဒါကာ ဆေးဘက်ဆိုင်ရာ ကောလိပ် နှင့် ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည်ဟု သိရသည်။

 

အိမ်မွေးတိရစာ္ဆန်နှင့် စက်မှုလုပ်ငန်းများလီမိတက်၌ ဗုဒ္ဓဟူးနေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကို နာရီဝက်ခန့်အကြာ မီးငြှိမ်းသတ်ခဲ့ပြီးနောက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားသည့် ထိုစက်ရုံမှ လူသေအလောင်းတစ်လောင်းကို ဆွဲထုတ်ခဲ့ကြောင်း ကီရာနီဂန်ဂျေ မီးသတ်ဌာန၏ အကြီးတန်းအရာရှိ Md Saiful Islam က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အဆိုပါ မီးလောင်မှု ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူ စက်ရုံအလုပ်သမား ၃၂ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားကာ ဆေးဝါးကုသမှုခံယူနေသည် ဟု ဖော်ပြထားသည်။

 

ကြာသပတေးနေ့ အရုဏ်တက်ချိန် မှ မွန်းလွဲပိုင်းအတွင်း  ထိုမီးလောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့သူများအနက် ၁၂ ဦး သေဆုံးသွားခဲ့ကာ သေဆုံးသူ ၁၃ ဦးရှိပြီ ဖြစ်ကြောင်း ဒါကာ ဆေးဘက်ဆိုင်ရာ ကောလိပ် နှင့် ဆေးရုံမှ ခွဲစိတ်ကု ဆရာဝန်  Ariful Islam Nabin က သတင်းထောက်များကို ယမန်နေ့မွန်းလွဲတွင် ပြောကြားခဲ့သည်။

 

၎င်းသံဖြူအမိုးနှင့်ဆောက်လုပ်ထားသော စက်ရုံမှ တစ်ခါသုံး ပန်းကန်ပြားများ နှင့် ခွက်များကို ထုတ်လုပ်ကြောင်း၊ မီးလောင်ကျွမ်းမှုအကြောင်းရင်းကို မသိရှိရသေးသော်လည်း ဓာတ်ငွေ့အိုး ချွတ်ယွင်းမှုကြောင့် ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

မီးပေါ့ဆမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စက်ရုံများတွင် မီးလောင်ကျွမ်းမှု မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

 

၂၀၁၃ ခုနှစ်က မြို့တော် ဒါကာ ၏ ဆင်ခြေဖုံး ဆာဗာ မြို့တွင် ရာနာ ပလာဇာ အထည်စက်ရုံ ပြိုကျခဲ့မှုကြောင့် လူပေါင်း ၁၁၃၅ ဦး သေဆုံးခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို