ဩဂုတ် ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၀၆၄၂၉ ဦး ရှိလာကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၂၀၇၀ ရှိပြီး ၎င်းတို့အားလုံး ဆေးရုံတက်ကုသမှုခံယူခဲ့သည်ဟု သိရသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း လူ ၁၃ ဦးထက်မနည်းထပ်မံသေဆုံးခဲ့သည်။
ယခုနှစ် ဩဂုတ်လ ၂၃ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ၅၀၆ ဦးထက်မနည်းသေဆုံးခဲ့သည်။
ယင်းသေဆုံးမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်က သွေးလွန်တုပ်ကွေးရောဂါစံချိန်တင်ခဲ့ပြီးနောက်ပိုင်း ၎င်းရောဂါဖြင့် သေဆုံးမှုအများဆုံးနှစ်ဖြစ်သည်။
လွန်ခဲ့သောလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၃၈၅၄ ဦးရှိပြီး ယခုလ ပထမ ၂၃ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၄၅၉၇ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။
ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးမှ ဆင်းသွားသူပေါင်း ၉၈၀၉၈ ဦး ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


