စက်တင်ဘာ ၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ၁၆ ဦး ထပ်မံသေဆုံးခဲ့ရာ ယခုနှစ်ဇန်နဝါရီလနောက်ပိုင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၆၃၄ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာက ယမန်နေ့က ဖော်ပြထားသည်ဟု အစိုးရကအတည်ပြုပြောကြားသည်။
အဆိုပါရောဂါဖြစ်ပွားမှုကြောင့် ဇူလိုင်လက ၂၀၄ ဦး၊ ဩဂုတ်လက ၃၄၂ ဦးနှင့် စက်တင်ဘာလအတွင်း လက်ရှိအချိန်အထိ ၄၁ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သောလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၁၉၇၆ ဦးရှိပြီးနောက် စက်တင်ဘာလ ၁ ရက်မှ ၃ ရက်အတွင်း ၆၄၉၄ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း မြို့တော် ဒါကာတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၉၂ ဦး အပါအဝင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၆၀၈ ဦး ရှိသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၃၀၃၀၂ ဦး ရှိလာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


