ဘရာဇီးနိုင်ငံ အရှေ့တောင်ဘက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ၁၆ ဦးသေဆုံးခဲ့ပြီး ၃၃ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဒေသန္တရမီဒီယာများက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံ ဆောပေါ်လိုပြည်နယ်၏ လူကြိုက်များပြီး ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာများဖြစ်သည့် ကမ်းရိုးတန်းမြို့တော်များဖြစ်သော ဆန်တိုဆာ၊ ဂူအူဂျာနှင့် ဆာအိုဗန်းနီးတို့မှာ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
ဂူအူဂျာရှိ မာရို ဒို မက်ကာကိုတွင် နေထိုင်သူများကိုလည်း ကယ်ဆယ်ရန်ကြိုးစားစဉ် မီးသတ်သမားနှစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
ပျောက်ဆုံးနေသူအများစုမှာ ဖာဘီလာ၊ ဗီလာ ဘန်ရီနာတွင် တောင်စောင်းများတွင် နေထိုင်သူများဖြစ်ပြီး မိုးများရွာသွန်းပြီး ရွှံ့နွံ့များပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆောပေါ်လို ပြည်နယ်နှင့် ဘရာဇီးလ်နိုင်ငံအရှေ့တောင်ဘက်တို့တွင် မကြာသေးမီ ရက်သတ္တပတ်များအတွင်း စံချိန်တင် မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်


