ဘရာဇီးနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွား၊ ခုနစ်ဦး သေဆုံးပြီး သုံးဦး ပျောက်ဆုံး

 

ရီယိုဒီဂျနေးရိုး နိုဝင်ဘာ ၂၀

 

ဘရာဇီးနိုင်ငံ  တောင်ပိုင်းတွင်  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူခုနစ်ဦးထက်မနည်း သေဆုံးပြီး အခြားသုံးဦး ပျောက်ဆုံးနေကြောင်း  အရပ်ဘက်ကာကွယ်ရေးဌာနက နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့်  ရီယိုဂရန်ဒီဒိုဆူးလ် ပြည်နယ်တွင် လေးဦးသေဆုံးပြီး နှစ်ဦး ပျောက်ဆုံးကာ ဆန်တာ ကာတာရီနာပြည်နယ်တွင် သုံးဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးကြောင်း အဆိုပါဌာနကပြောသည်။ 

 

ဒေသတွင်း လူပေါင်း  ၃၁၀၀၀ ကျော်  ရေဘေးသင့်ခဲ့ကြောင်းနှင့် လူပေါင်း ၁၆၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ ဆန်တာကာတာရီနာ ပြည်နယ်တွင် မြူနီစီပယ် ၂၉၅  ခု အနက် ၆၂ ခု ထက်မနည်း ဘေးသင့်မှုရှိခဲ့ပြီး ၎င်းတို့ထဲမှ  ၁၇ ခုကို  အရေးပေါ်အခြေအနေ ကြေညာထားကြောင်း၊ လမ်းပန်းဆက် သွယ်ရေးလည်း ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း အရပ်ဘက် ကာကွယ်ရေးဌာနက ပြောသည်။

 

မိုးရွာသွန်းမှုနှင့် လေပြင်း တိုက်ခတ်ခြင်းများကြောင့် နိုင်ငံ၏လူဦးရေ အထူထပ်ဆုံး ဆော်ပေါလိုမြို့တွင်လည်း အခက်အခဲများ  ဖြစ်ပေါ်စေခဲ့ပြီး  လေပြင်းတိုက်ခတ်မှုမှာ တစ်နာရီလျှင် ၈၀ ကီလိုမီတာ  ကျော်သည့်အတွက်  သစ်ပင်များ လဲပြိုကျမှုဖြစ်ပွားခဲ့သည်။              

 

ဆင်ဟွာ