ဘရာဇီးနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ တစ်သန်းကျော်ရှိ

မတ် ၁

ဘရာဇီးနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၀၁၇၂၇၈ ဦးရှိပြီး ယင်းရောဂါဖြင့် ၂၁၄ ဦးသေဆုံးကြောင်း အတည်ပြုထားပြီး  အခြားသေဆုံးသူ ၆၈၇ ဦးကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းသည် နိုင်ငံတွင်းနေထိုင်သူ ၁၀၀၀၀၀ လျှင် ၅၀၁ ဦးနှုန်းဖြင့် လတ်တလောတွင် ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၆၅၈၈၁၆ ဦးရှိရာ ယခုနှစ်တွင် ရောဂါဖြစ်ပွားမှုနှစ်ဆပိုမိုများပြားလာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးကပြောကြားသည်။ ကမ္ဘာတစ်ဝန်းတွင် ၂၀၀၉ ခုနှစ်နောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပိုမိုများပြားလာရာ ယခင်က ထိုရောဂါဖြစ်ပွားမှုမရှိသော ဒေသများတွင်ပါ ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြောကြားချက် အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို