၉ ဇန်နဝါရီ

 

ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်နိုင်ငံဟာ လာမယ့် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထွက်နိုင်ရေးအတွက် ဒီကနေ့ (ကြာသပတေးနေ့) မှာ ဘရက်ဇစ်သဘောတူညီချက်ကို အောက်လွှတ်တော်မှာ အပြီးသတ် လုပ်ဆောင်ဖို့ ရှိနေပါတယ်။

 

၂၀၁၆ ခုနှစ် ဆန္ဒခံပွဲကနေ ထွက်ပေါ်လာတဲ့ ဗြိတိန်ခွဲထွက်ရေး ရလဒ်ဟာ လွတ်တော်အမတ်တွေကြားမှာ ပိတ်မိနေ့တဲ့ ဆွေးနွေးစရာ အကြောင်းအရာဖြစ်ခဲ့ပါတယ်။ ဥရောပသမဂ္ဂကနေ ဘယ်အချိန်ထွက်မလဲ၊ ဘယ်လိုထွက်မလဲဆိုတဲ့ အကြောင်းအရာတွေကို ဗြိတိန်လွှတ်တော်အမတ်တွေ ဆွေးနွေးနေတာ နှစ်ချီနေပြီဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ရှေးမတိုး နောက်မဆုတ် ဖြစ်နေတဲ့ ဘရက်ဇစ်ကို အဆုံးသတ်ရန် အာဏာရှိလာခဲ့ပါတယ်။ ဘရက်ဇစ်သဘောတူညီချက်ဟာ ခရစ်စမတ်မတိုင်မီကတည်း လွှတ်တော်အမတ်တွေက သဘောတူပြီးဖြစ်ပါတယ်။

 

ဘရက်ဇစ်သဘောတူညီကို ဗြိတိန်အထက်လွှတ်တော်နဲ့ ဥရောပပါလီမန်တွေကလည်း ဇန်နဝါရီ ၃၁ ရက်မတိုင်မီ လက်ခံရမှာဖြစ်ပါတယ်။ ဥရောပသမဂ္ဂကနေ ဗြိတိန်အနေနဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ကို နောက်ဆုံးထား ထွက်မယ်ဆိုရင် ရက်အလွန်နည်းတဲ့အတွက် ရက်တိုးနိုင်ကြောင်း အီးယူက ပြောပေမယ့် ဗြိတိန်ဝန်ကြီးချုပ်က ရက်တိုးရန်မလိုကြောင်းနဲ့ အီးယူကနေ အမြန်ဆုံးထွက်ရန်သာ လိုအပ်ကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

 

MDN

ကိုးကား - AFP

 

ျ်‌ျေိ်