ဇန်နဝါရီ ၁၀
ဘရူနိုင်းနိုင်ငံ၌ ဇန်နဝါရီ ၈ ရက်ကစတင်ကာမိုးသည်းထန်စွာရွာသွန်းမှုများအဆက်မပြတ်ဖြစ်ပွားပြီးနောက် သစ်ပင်ပြိုလဲမှုနှင့် မြေပြိုမှုအပါအဝင် ဖြစ်ရပ် ၃၀ ခု စံချိန်တင်ဖြစ်ပွားကြောင်း မီးသတ်နှင့်ကယ်ဆယ်ရေးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ ဒေသများစွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများ ထိခိုက်ပြီး ဘေးအန္တရာယ်များ ဖြစ်ပေါ်စေနိုင်သည်ဟု ဖော်ပြထားသည်။
လတ်တလောတွင် ရာသီဉတုအခြေအနေသည် ဇန်နဝါရီ ၁၂ ရက်အထိ ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရကြောင်း မိုးလေဝသဌာန၏ပြောကြားချက်အရ သိရသည်။
နိုင်ငံ၏ ဒေသများစွာတွင် တစ်ခါတစ်ရံ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုများသက်ရောက်မှုရှိနိုင်သည်ဟု မိုးလေဝသဌာနက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


