ဘယ်လာနဲ့ သည်ဝိခန်းတို့ စုံတွဲကို သဘောမတူနိုင်သေးတဲ့ GI GI

၈ ဇွန် 

ဘယ်လာဟတ်ဒစ်နဲ့ သည်ဝိခန်းတို့စုံတွဲဟာ သူတို့နှစ်ဦးရဲ့အချစ်ရေးကို ပြန်လည်စတင်နေပြီဖြစ်ပေမယ့် ဘယ်လာတို့ မိသားစုဝင်တွေကတော့ သည်ဝိခန်းကို ခွင့်မလွှတ်နိုင်ကြပါဘူး။ ၂၀၁၆ခုနှစ် နိုဝင်ဘာလမှာ ဘယ်လာနဲ့ သည်ဝိခန်းတို့ လမ်းခွဲခဲ့ကြပြီး အဲဒီအတွက် ဘယ်လာခံစားခံရတဲ့ နာကျင်မှုကို သူ့မိသားစုက မေ့မပြစ်နိုင်သေးပါဘူး။

သည်ဝိခန်းဟာ ဘယ်လာနဲ့ လမ်းခွဲခဲ့ပြီးနောက် ဆယ်လီနာ ဂိုးမက်ဇ်နဲ့ အချစ်ဇာတ်လမ်း စခဲ့တာလည်းဖြစ်တယ်။ အခုအချိန်မှာတော့ ဘယ်လာဟာ အတိတ်ကကိစ္စတွေကို ခွင့်လွှတ်ပြီး သည်ဝိခန်းနဲ့ အချစ်ဇတ်လမ်း ပြန်စခဲ့ပေမယ့် ဘယ်လာရဲ့အစ်မဖြစ်သူ Gi Gi ကတော့ မကျေနပ်ပါဘူး။ ဘယ်လာဟာ သူ့ရဲ့မိခင်ကို သူရဲ့လက်ရှိအချစ်ရေးနဲ့ပတ်သက်ပြီး လက်ခံလာအောင် စည်းရုံးနိုင်ခဲ့ပေမယ့် သူရဲ့အစ်မဖြစ်သူ Gi Gi ဆီက ခွင့်ပြုချက်ကိုတော့ မရခဲ့ပါဘူး။ 

ဒါပေမယ့်လည်း ဘယ်လာကတော့ လက်လျှော့မယ်ပုံ မပေါက်ပါဘူး။ သူ့မိသားစုက သည်ဝိခန်းကို လက်ခံလာအောင် ဆက်လက်ကြိုးစားသွားမယ့် ပုံပါပဲ။ ချစ်သူနဲ့ မိသားစုကြား ဗျာများနေတဲ့ ဘယ်လာဟာ နောက်ဆုံးမှာတော့ သူ့မိသားစုက သူ့ချစ်သူကို ပြန်လည်လက်ခံလာအောင် ဆက်လက်ကြိုးစားမယ့် သဘောရှိပါတယ်။ ဘယ်လာနဲ့ သည်ဝိခန်းတို့ လမ်းခွဲခဲ့စဉ်တုန်းက သည်ဝိခန်းကသာ ဆယ်လီနာနဲ့ တွဲခဲ့ပေမယ့် ဘယ်လာကတော့ ဘယ်သူနဲ့မှ အချစ်ဇာတ်လမ်း မစခဲ့ပါဘူး။ တချိန်ချိန်မှာ သည်ဝိခန်းက သူ့ဆီပြန်လာမယ့်ဆိုတာ ယုံကြည်နေခဲ့လို့ပါပဲ။ 

ခြူးစန္ဒီစိုး

ကိုးကား - ဟောလိဝုဒ်လိုက်ဖ်