ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအသစ်၏ ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ပြည်သူများ၏ လှုပ်ရှားမှုများကို ဘယ်လ်ဂျီယံနိုင်ငံမှ ကန့်သတ်မည်ဖြစ်သည်။
တစ်နိုင်ငံလုံး lockdown ပြုလုပ်ခြင်းကို မတ်လ ၁၈ရက်နေ့မှစပြီး ဧပြီလ ၅ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သည်။
မြို့တွင်းနေထိုင်သူများကို အစားအစာများ ဝယ်ယူရန်လည်း ခွင့်ပြုမည်ဖြစ်သည်။
စာတိုက်များ၊ ဘဏ်များနှင့် ဆေးဆိုင်များသို့လည်း သွားခွင့်ပြုမည်ဖြစ်သည်။
ကျောင်းများ၊ စားသောက်ဆိုင်များနှင့် ဘားဆိုင်များကိုမူ အစောပိုင်းကတည်းက ပိတ်ထားပြီးဖြစ်သည်။
ဘရပ်ဆဲလ်လေကြောင်းလိုင်းကလည်း ၎င်းတို့၏ လေကြောင်းလိုင်းမှ ရုတ်တရက် ဝယ်လိုအား ကျဆင်းခြင်းကြောင့် စနေနေ့မှစပြီး ပျံသန်းမှုများကို ဧပြီ ၁၉ ရက်အထိပျံသန်းမှုအားလုံးကို တစ်လခန့်ခေတ္တရပ်ဆိုင်းထားမည်ဟု ဆိုသည်။
ဘယ်လ်ဂျီယံနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၂၄၃ဦးရှိပြီး သေဆုံးသူပေါင်း ၁၀ဦး ရှိပြီဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


