၆ မတ်
တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ လာရောက်သည့် ခရီးသွားများ၏ ဗီဇာများကို ပယ်ဖျက်သည့် မူဝါဒကို ယနေ့တွင် ဂျပန်အစိုးရက အတည်ပြုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအသစ်ကို ကာကွယ်ရန်အတွက် ရည်ရွယ်ပြီး ဖျက်သိမ်းခြင်းဖြစ်သည်။
လာမည့်အပတ်တနင်္လာနေ့မှစတင်ပြီး ဂျပန်အစိုးရက ဗီဇာများဖျက်သိမ်းမည်ဖြစ်သည်။
နှစ်နိုင်ငံမှ လာရောက်သည့် နိုင်ငံခြားသားအားလုံးသည် ဗီဇာအသစ်မရှိပါက ဂျပန်နိုင်ငံသို့ ဝင်ရောက်ခြင်းကို ငြင်းပယ်မည်ဖြစ်သည်။
တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် မကာအိုမှ လူများသည် လက်ရှိကာလမှ ရက်ပေါင်း ၉၀ အတွင်း ကာလတိုနေထိုင်ရန်အတွက် ဗီဇာလိုအပ်ချက်များမှ ကင်းလွတ်ခွင့်ရှိသော်လည်း လာမည့်သီတင်းပတ်မှ စတင်ပြီး ခရီးသွားလာရန်အတွက် စာရွက်စာတမ်းများ လိုအပ်မည်ဖြစ်သည်။
လက်ရှိတွင် နိုင်ငံနှစ်နိုင်ငံမှ ခရီးသွားများ၏ လျှောက်လွှာများကို ဂျပန်အရာရှိများက သေချာဆန်းစစ်လျက်ရှိပြီး ဗီဇာအနည်းငယ်သာ ထုတ်ပေးလျက်ရှိသည်။
ဂျပန်နိုင်ငံရှိနိုင်ငံခြားသား ဧည့်သည်များ ဗီဇာအတွက် ဗီဇာသည် တစ်ဦးချင်းစီမှ ထွက်ခွာသွားသည်နှင့် တပြိုင်နက် တရားဝင်ဖြစ်လာမည်ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။
အဆိုပါ မူဝါဒသည် ယခုလအကုန်ထိ အာဏာသက်ရောက်မည်ဖြစ်သည်။ သို့သော်လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ကာလမှာ တိုးချဲ့ရန်လည်းဖြစ်နိုင်သည်ဟု ဆိုသည်။
ဆိပ်ကိမ်းများ၌ ဗိုင်းရပ်စ်နှိမ်နင်းရေးအစီအမံများအတွက် အကောင်အထည်ဖော်ရန် တရုတ်၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


