၉ ဇန်နဝါရီ
ဗီယက်နမ်-အမေရိကန်စစ်အတွင်းမှာ ကျန်ရှိခဲ့တဲ့ ဗီယက်နမ်နိုင်ငံတစ်ဝန်းက မိုင်းတွေကို ရှင်းလင်းရန် အမျိုးသမီးအဖွဲ့တစ်ဖွဲ့က ဦးဆောင်ရှင်းလင်းနေပါတယ်။ မိုင်းအများစုရှိရာဒေသကတော့ တောင်နဲ့မြောက် ဗီယက်နမ် အဖြစ် တစ်ချိန်က ကွဲခြားရာ ကွမ်ထရီပြည်နယ် ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ကွမ်ထရီဒေသရှိ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင် အများစုမှာ အမျိုးသားတွေသာ အလုပ်လုပ်လေ့ ရှိပြီး အမျိုးသမီးအားစုဟာ အထည်ချုပ်စက်ရုံနဲ့ လယ်ယာတွေမှာသာ လုပ်ကိုင်လေ့ရှိပါတယ်။ ဒါပေမယ့် မိုင်းရှင်းလင်းရေးမှာ လုပ်ကိုင် နေတဲ့ အမျိုးသမီးတွေက သူတို့ဒေသဟာ လုံခြုံတဲ့ နေရာ နဲ့ နေထိုင်လို့ကောင်းတဲ့ နေရာဖြစ်ရေးအတွက် လုပ်ကိုင်နေခြင်းဖြစ်တယ်လို့ ပြောပါတယ်။
၁၉၇၅ ခုနှစ်တွင် ပြီးဆုံးခဲ့တဲ့ အမေရိကန်-ဗီယက်နမ်စစ်မှာ ဗီယက်နမ်နိုင်ငံရဲ့မြေပမာ ဟက်တာ ၆.၁ သန်း မှာ မပေါက်ကွဲသေးတဲ့ မိုင်းတွေနဲ့ ပြည့်နက် နေသေးကြောင်း သိရပါတယ်။ မိုင်းအများစုဟာ အမေရိကန်တို့ ကျဲချခဲ့ကြောင်း သိရပါတယ်။
မိုင်းနဲ့ပတ်သတ်ပြီး ဗီယက်နမ် လူမျိုး အနည်းဆုံး ၄၀,၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။ အများစုဟာ လယ်သမားတွေပြီး တစ်ချို့ကတော့ ကလေးငယ်တွေဖြစ်ပါတယ်။
မိုင်းရှင်းလင်းရေးကို ဦးဆောင်နေသူ ငေါ့ ဟာ မိုင်းရှင်းလင်းရေးအဖွဲ့ Mines Advisory Group (MAG) မှာ လုပ်ကိုနေတာ အနှစ် ၂၀ ရှိပြီဖြစ်ပါတယ်။ ငေါ့ရဲ့ ဦးလေးဖြစ်သူကလည်း မိုင်းပေါက်ကွဲမှုအတွင်းမှာ သေဆုံးခဲ့ရာကနေ မိုင်းရှင်းလင်းကို လုပ်ဆောင်ခဲ့ဖြစ်တယ်လို့ သိရပါတယ်။
မိုင်းရှင်းလင်းရေးအဖွဲ့ Mines Advisory Group (MAG) အဖွဲ့ကို အမေရိကန်၊ဗြိတိန်နဲ့ ဂျပန်နိုင်ငံတွေကနေ ငွေကြေးထောက်ပံ့ထားပါတယ်။
မိုင်းရှင်းလင်းရေးလုပ်ဆောင်နေသူနောက်တစ်ဦးဖြစ်တဲ့ ထရန်သီဟာ ကလည်း သူ့ခင်ပွန်းသည် အလုပ်သွားစဉ်မှာ မိုင်းကွဲပြီး ဒဏ်ရာရရှိခဲ့တဲ့အတွက် သူ့ခင်ပွန်းလို နောက်ထပ် ဘယ်သူမှ မဖြစ်စေချင် တဲ့အတွက် မိုင်းရှင်းလင်းကို လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။
မိုင်းတွေရှင်းလင်းခဲ့ပြီဆိုရင် အဲဒီမြေကို စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်မယ်လို့ သိရပါတတယ်။ ဗီယက်နမ်တစ်နိုင်ငံလုံးကို မိုင်းရှင်းရန် နှစ်ပေါင်းတစ်ရာနီးပါး အချိန်ယူရမှာဖြစ်ပြီး ကုန်ကျငွေဟာလည်း အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး အသုံးပြုရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
MDN
ကိုးကား - AFP


