၁၃ ဖေဖော်ဝါရီ

 

ဗီယက်နမ်နိုင်ငံ ဟန္နိုင်းမြို့ကနေ ၂၅ မိုင်အကွာရှိ ဆန်လွိုင်းဒေသခံတွေကို အဲဒီဒေသမှာဘဲ သီးသန့်နေထိုင်ရန် ပိတ်ထားလိုက်ကြောင်း သိရပါတယ်။ အဲဒီဒေသမှာ ကိုဗစ် 19(COVID-19) ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၆ ဦးမြောက်ကို ဒီနေ့(ကြာသပတေးနေ့) မှာ တွေ့ရှိပြီးနောက် အခုလို တာဝန်ရှိသူတွေက တားမြစ်လိုက်တာ ဖြစ်ပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ “ဖေဖော်ဝါရီ ၁၃၊ ၂၀၂၀ ခုနှစ်မှစပြီး ဆန်လွိုင်းဒေသခံတွေဟာ သီးသန့်ခွဲနေရာမယ်။ အချိန်က ရက်ပေါင်း ၂၀ ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။

 

ဆန်လွိုင်းဒေသမှာ မူလက ကိုဗစ်19(COVID-19)ပိုး ကူးစက်ခံရသူ ၅ ဦးရှိရာကနေ ကြာသပတေးနေ့မှာ နောက်ထပ်တစ်ဦး တွေ့ရှိကြောင်း သိရပါတယ်။ အဲဒီဒေသတစ်ဝိုက်မှာ စစ်ဆေးရေးဂိတ်တွေ ထားရှိပြီး ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်ရေးဝတ်စုံတွေ ဝတ်ဆင်ထားသလို မော်တော်ကားတွေကို စစ်ဆေးပြီး ပိုးသတ်ဆေးနဲ့ ဖျန်းပေးခြင်းမျိုးပါ လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။

 

ဆန်လွိုင်းဒေသဟာ  လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ဒေသပြီး အဲဒီဒေသမှာ ကျေးရွာငယ်လေးတွေ များစွာပါရှိကြောင်း သိရပါတယ်။

 

ဗီယက်နမ်နိုင်ငံက ကိုဗစ်19(COVID-19)ပိုး ပျံ့နှံ့မှုကို တားမြစ်နိုင်ရန် တရုတ်နိုင်ငံကနေ လာရောက်မယ့် လေယာဉ်တွေကို တားမြစ်ထားသလို တရုတ်နိုင်ငံသားများအား လည်ပတ်ဗီဇာကိုလည်း ယာယီရပ်ဆိုင်းထားတာ သီတင်းနှစ်ပတ်ကျော်ပြီ ဖြစ်ပါတယ်။ 

MDN

ကိုးကား - AFP