ဇန်နဝါရီ ၁၉

ဗီယက်နမ်နိုင်ငံတွင် တရုတ်နှစ်သစ်ကူးကာလအတွင်း လေကြောင်းခရီးသွားလာမှု သိသိသာသာ မြင့်တက်လာမည်ဟူသောခန့်မှန်းချက်များကြောင့် နိုင်ငံတစ်ဝန်းရှိ လေဆိပ် ၆ ခုတွင် ညပိုင်းလေယာဉ်ခရီးစဉ်များ တိုးချဲ့ရန် လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ညွှန်ကြားခဲ့ကြောင်း ဒေသခံမီဒီယာ Voice of Vietnam မှ ယနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါအစီအစဉ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၁ ရက်အထိ အကောင်အထည်ဖော်မည်ဖြစ်သည်ဟု သိရသည်။

Tho Xuan၊ Dong Hoi၊ Chu Lai၊ Pleiku၊ Tuy Hoa နှင့် Phu Cat လေဆိပ်များတွင် လေယာဉ်ခရီးစဉ်များကို တိုးချဲ့မည်ဖြစ်ကာ အစီအစဉ်အရ Tho Xuan လေဆိပ်တွင် နောက်ဆုံးလေယာဉ်ခရီးစဉ်များရှိမည်ဖြစ်ပြီး လေယာဉ်ပျံသန်းမှုများကို နံနက် ၂ နာရီ ၄၀ မိနစ်အထိ တိုးချဲ့မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို