ဇန်နဝါရီ ၁၂

ဗီယက်နမ်နိုင်ငံ၏ လေကြောင်းလုပ်ငန်းသည် ၂၀၂၅ ခုနှစ်တွင် ခရီးသွား ၈၃ ဒသမ ၅ သန်း ဖြင့်စံချိန်တင်ခဲ့ရာ ယခင်နှစ်က လေကြောင်းခရီးသွားဦးရေထက် ၁၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာသဖြင့် စံချိန်တင်အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း ဒေသခံမီဒီယာ VnExpress က ယနေ့တွင် ဖော်ပြခဲ့သည်။

နိုင်ငံတကာလေကြောင်းလိုင်းများ တိုးတက်မှုရှိရာ ခရီးသည် ၄၆ ဒသမ ၆ သန်းအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာကာ ကုန်တင်ပမာဏ ၂၂ ရာခိုင်နှုန်း မြင့်တက်လာကာ တန်ချိန် ၁ ဒသမ ၃ သန်းခန့် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်တွင်းလေကြောင်းလိုင်းများတွင် ခရီးသွား ၃၆ ဒသမ ၉ သန်း ရှိပြီး ၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကာ ကုန်တင်ပမာဏ ၂၂၆၈၀၀ တန် ရှိပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိဟု သိရသည်။

ဗီယက်နမ်လေကြောင်းလိုင်းများသည် ယခုအခါ နိုင်ငံတကာလေကြောင်းလိုင်း ၁၁၃ ခုနှင့် ပြည်တွင်းလေကြောင်းလိုင်း ၅၅ ခု ပျံသန်းလျက်ရှိရာ ၂၀၂၆ ခုနှစ်တွင် ခရီးသွား စုစုပေါင်း ၉၅ သန်းခန့် ရောက်ရှိရန် ခန့်မှန်းထားပြီး ကုန်တင်ပမာဏမှာ ၁ ဒသမ ၆ သန်းကျော် ရှိမည်ဟု မျှော်လင့်ထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို