စက်တင်ဘာ ၁၃

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်ရှိ အသေးစားတိုက်ခန်းအိမ်ရာတစ်ခု ယမန်နေ့ညသန်းခေါင်မတိုင်မီက မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူဒါဇင်နှင့်ချီသေဆုံးခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ယနေ့မနက်အစောပိုင်းအထိ ဆေးရုံတက်ကုသမှုခံယူသူ ၅၄ ဦး ရှိသည်ဟု သိရသည်။

ယနေ့မနက် ၅ နာရီ ကနဦးသတင်းထုတ်ပြန်ချက်အရ သက်ဆိုင်ရာအာဏာပိုင်များသည် လူ ၇၀ ခန့်အားကယ်ဆယ်ခဲ့ပြီး အခြား ၅၄ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြထားသည်။

ထိုမီးလောင်ကျွမ်းမှုသည် Thanh Xuan ခရိုင်၊ Khuong Dinh ရပ်ကွက်ရှိ စတုရန်းမီတာ ၂၀၀ ကျော် ကျယ်ဝန်းသော အထပ်ကိုးထပ်ရှိသောတိုက်ခန်းအိမ်ရာ၏ ပထမထပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတိုက်ခန်းအိမ်ရာတွင် လူ ၁၅၀ ခန့်နေထိုင်ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမရှစ်လအတွင်း ပေါက်ကွဲမှုနှင့် မီးလောင်မှု ၁၂၈၆ ခုဖြစ်ပွားခဲ့ပြီး လူ ၆၉ ဦး သေဆုံးကာ အခြား ၆၄ ဦး ဒဏ်ရာရရှိပြီး ဗီယက်နမ် ဒေါင် ၂၀၀ ဒသမ ၇ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ သန်း) နီးပါး ပစ္စည်းဆုံးရှုံးမှုရှိခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို