ဗီယက်နမ်နိုင်ငံသို့ ဇန်နဝါရီလမှဩဂုတ်လအတွင်း နိုင်ငံခြားသားခရီးသွား ၇ ဒသမ ၈ သန်းကျော် ဝင်ရောက်

ဩဂုတ် ၃၀

ဗီယက်နမ်နိုင်ငံသို့ ယခုနှစ်ပထမရှစ်လအတွင်း နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၇ ဒသမ ၈ သန်းကျော်ရှိကြောင်း စာရင်းအင်းရုံး၏နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါနိုင်ငံခြားသားခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ်အလားတူကာလအတွင်း ခရီးသွားဝင်ရောက်မှု အရေအတွက်ထက် ၅ ဒသမ ၄ ဆပိုမိုများပြားသည်ဟု သိရသည်။

ယခုနှစ် ပထမရှစ်လအတွင်း ဗီယက်နမ်နိုင်ငံသို့ဝင်ရောက်သောခရီးသွားအများစုသည် အာရှမှဖြစ်ပြီး ၇၆ ဒသမ ၅ ရာခိုင်နှုန်းနီးပါးရှိသည်။ အာရှပြီးလျှင် ဉရောပနှင့် အမေရိကန်တို့မှ ခရီးသွားဝင်ရောက်သူများပြားကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ၏ခရီးသွားလုပ်ငန်းအတွက် တောင်ကိုရီးယား၊ တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည် ထိပ်တန်းဈေးကွက် သုံးခုဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို