၁၁ မတ်
ဗြိတိန်ကျန်းမာရေးဝန်ကြီးဖြစ်သူ နာဒင်း ဒိုရီသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ယမန်နေ့က ပြောကြားလိုက်သည်။
ရောဂါကူးစက်ခံရပြီးနောက်ပိုင်း သီးခြားနေထိုင်၍ ကုသမှုခံယူနေကြောင်း ၄င်းက ပြောကြားခဲ့သည်။
ဒိုရီသည် အောက်လွှတ်တော်၏ ကွန်ဆာဗေးတစ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်မည့် ဥပဒေရေးဆွဲရေးတွင် သူက ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ဗြိတိန်မီဒီယာက ထုတ်ပြန်ခဲ့သည်။
၄င်းသည် လွှတ်တော်အတွင်း အလုပ်လုပ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာ ပြခဲ့ပြီးနောက်ပိုင်းတွင်လည်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့်အတူ အစည်းဝေးပွဲတစ်ခုသို့လည်း တက်ရောက်ခဲ့သေးကြောင်း မီဒီယာများက ထပ်လောင်းဖော်ပြခဲ့သည်။
သူနှင့် အဆက်အသွယ်ရှိသည့် မည်သူကိုမဆို ရောဂါကူးစက်ခြင်းရှိမရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


