၅ ဧပြီ
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကြောင့် စနေနေ့က ၂၄ နာရီအတွင်း သေဆုံးသူ ၇၀၈ ဦးထဲတွင် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်ကြောင်း သိရပါတယ်။
ကျန်းမာရေးဝန်ကြီးက ပြောကြားရာတွင် ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၄၁,၉၀၃ ဦးနဲ့ သေဆုံးသူဉီးရေဟာလည်း ၄,၃၁၃ ဦး ရှိကြောင်း သိရပါတယ်။ သေဆုံးသူ ၄၃၁၃ ဦးတွင် ကျန်းမာရေးဝန်ထမ်း ၇ ဦးပါဝင်ကြောင်း သိရပါတယ်။
သေဆုံးသူ အရေအတွက်ဟာ တစ်နေ့ကို ၅၀၀ ကျော်ရှိ နေကြောင်း၊ လာမယ့် ၇ ရက်ကနေ ၁၀ ရက်အတွင်း သေဆုံးသူ များပြားလာမှာကို တွေ့မြင်ရနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
ရောဂါပိုး ကူးစက်ခံရသူတွေမှာ အသက် ၅ နှစ်ကနေ ၁၀၄ နှစ်အရွယ်ရှိကြောင်း၊ လူနာဦးရေ ၆၃၇ ဦး ထဲမှ ၄၀ ဦးဟာ အသက် ၄၈ နှစ် ကနေ ၉၃ နှစ်အရွယ်ကြားရှိသူတွေဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်သူများ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူ အသက် ၅ နှစ်အရွယ် ကလေးအကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ်ကို မိသားစုရဲ့ မေတ္တာရပ်ခံမှုကြောင့် မပြောနိုင်ကြောင်း အမျိုးသားကျန်းမာရေးအဖွဲ့ ကပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သေဆုံးခဲ့တဲ့ အသက် ၁၃ နှစ် အရွယ် မိုဟာမက် အက်ဒူလာ ဝါဟက်ဟာ ရောဂါပိုးတွေ့ရှိပြီး ရက်ပိုင်းအတွင်းမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ မိသားစုရဲ့ ပြောကြားချက်အရ မိုဟာမက်ဟာ ကျန်းမာရေးကောင်းမွန်ခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူ ဆယ်ကျော်သက်အရွယ်ရဲ့ မိခင်နဲ့ မောင်နှမတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး လက္ခဏာ တွေ့ရှိနေကြောင်း သိရပါတယ်။
အင်္ဂလန်နဲ့ ဝေးလ်မှာရှိတဲ့ အကျဉ်းထောင်တွေကနေ လွှတ်ရက်နီးကပ်နေတဲ့ အကျဉ်းသား ၄၀၀၀ ဦးခန့်ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှာ စိုးရိမ်တဲ့အတွက် လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။
MDN
ကိုးကား -AFP


