၇ ဇန်နဝါရီ
ဗြိတိန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ ဒေါက်တာဘွဲ့အတွက် ပညာသင်ကြားနေသူ အင်ဒိုနီးရှားကျောင်းသား ရေးနော့ဆာဂါ ကို မနေ့(တနင်္လာနေ့) က ထောင်ဒဏ် တစ်သက်ချမှတ်လိုက်ကြောင်းသိရပါတယ်။
မန်ချက်စတာမြို့ရှိ တရားရုံးကနေ ရေးနော့ဆာဂါ ဟာ ၁၉၅ ဦးအပေါ် ပြစ်မှုကျူးလွန်ခဲ့ကြောင်းတွေ့ရှိရပါတယ်။ ဆာဂါဟာ သူ့နေအိမ်အခန်းမှာ ကျူးလွန်ခံရသူတွေအပေါ် အရက်တိုက်ခြင်း (သို့မဟုတ်) နေစရာပေးခြင်းတို့ ပြုလုပ်ပြီးမှ ကျူးလွန်ခဲ့တာဖြစ်ကြောင်း၊ မုဒိန်းမှု ၁၃၆ မှု၊ မုဒိန်းမဥ ကျူးလွန်ရန် ကြံစည်မှု ၈ မှု နဲ့ အခြားလိင်အကြမ်းမှုပေါင်း ၁၅ မှုကို ဆာဂါနေထိုင်ရာ အခန်းဝန်းကျင်ရှိ ကလပ်များကို လာရောက်သူများကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အဲဒီတိုက်ခိုက်မှုကိုလည်း ဗီဒီယိုရိုက်ထားခဲ့ကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။
အသက် ၃၆ နှစ်အရွယ် ဆာဂါဟာ လ့ိ(စ်)တက္ကသိုလ်တွင် ဒေါက်တာဘွဲ့အတွက် ပညာသင်ကြားနေသူဖြစ်ပြီး ရာဇဝတ်မှုကို ကျူးလွန်နေတာ နှစ်ပေါင်း အနည်းငယ်ကြာမြှင့်နေပြီ ဖြစ်ပါတယ်။
ဆာဂါ ကျူးလွန်ခဲ့သူ တစ်ဦးက အိပ်ယာမှ နိုးသွားပြီး ဆာဂါရဲ့ ဖုန်းကို ခိုးယူသွားပြီး အမှုဖွင့်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပါတယ်။ ဆာဂါကို ၂၀၁၈ခုနှစ် ဇွန်လမှ စတင်ပြီး အမှုစစ်ဆေးရာ ၂၀၁၉ ဒီဇင်ဘာလမှာ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဆာဂါနေထိုင်ရာအခန်းတွင် ပြစ်မှုကျူးလွန်စဉ်မှာ ရိုက်ကူးထားသော DVD ၂၅၀ ခုစာ ဖိုင်တွေ တွေ့ရှိကြောင်း ထုတ်ပြန်မှာ ထည့်သွင်းပြောကြားပါတယ်။
MDN
ကိုးကား - AFP


