၁၂ ဧပြီ

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ၁၀ ရက်အကြာ  ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လန်ဒန်ရှိ စိန့်သောမတ်ဆေးရုံမှာ ကုသခံခဲ့ရပါတယ်။

 

ဒီနေ့ တနင်္ဂနွေနေ့မှာတော့ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟာ အထူးကြပ်မတ်ဆောင်မှာ သုံးရက်နေ့ခဲ့ရပါတယ်။ ဝန်ကြီးချုပ်က သူ့ရဲ့ဒေါင်းနင်းလမ်း နေအိမ်မှာ လုံးဝကျန်းမာအောင် ဆက်လက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ယူရအုံးမှာ ဖြစ်ပါတယ်။

 

Guy's and St Thomas’ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတွေကိုယ်စား လူတွေအားလုံး အိမ်ထဲမှာပဲ နေထိုင်ခြင်းအားဖြင့် အသက်တွေ မသေအောင်လုပ်ကြရအောင်ပါ။ NHS ကာကွယ်စောင့်ရှောက်ပါလို့ ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောကြားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် ဗြိတိန်နိုင်ငံမှာ သေဆုံးသူ တစ်သောင်းကျော်ရောက်နေကြောင်း ဧပြီ ၁၂ ရက်နေက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

 

ဗြိတိန်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကို ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၄၉ သန်း လှုဒါန်းမယ်လို့ ဒီနေ့ ကြောညာလိုက်ပါတယ်။

 

MDN

ကိုးကား - AFP