ဗိုလ်စားပဲသီး နှင့် ကြက်သား

ကြက်သားရဲ့ အချိုအရသာနဲ့ နှမ်းစေ့ရဲ့ ရနံ့မွှေးမွှေးလေးကြောင့် ဒီဟင်းပွဲဟာ ထမင်းဝိုင်းမှာ အနံ့အရသာနဲ့ ပြည့်စုံတဲ့ အရံဟင်းတစ်ခွက်အဖြစ် မျက်နှာပန်းလှနေမှာပါ။

 

ပါဝင်ပစ္စည်းများ ( ၂ ဦးစာ)

 

ဗိုလ်စားပဲသီး  ၁၀ဝ ဂရမ်

 

ကြက်တောင်ပံ နှင့် ညှပ်ရိုး တစ်ခု ( အရိုးထုတ်ပြီး)  ၅၀ ဂရမ်

 

ဆား

 

ဆာကေး စားပွဲဇွန်း  ၁ ဇွန်း

 

ရောစပ်ရန်

 

နှမ်းထောင်း ( အဖြူ) စားပွဲဇွန်း  ၂ဇွန်း

 

သကြား  စားပွဲဇွန်း  ၂ဇွန်း

 

ပဲငံပြာရည်   စားပွဲဇွန်း  ၂ဇွန်း

 

ပြုလုပ်ပုံ

 

၁။ ရေခဲသေတ္တာထဲက  ကြက်သားကိုထုတ်ပြီး အခန်းအပူချိန်မှာ နာရီဝက်ခန့်ထားပါ။ အပူခံပန်းကန်ပြားထဲမှာ ကြက်သားကို ထည့်ပြီး ဆားနှင့် ဆာကေး အနည်းငယ် ဖြူးပါ။ ပလတ်စတစ်အကြည် နှစ်ထပ် အုပ်ပြီး မိုက်ခရိုဝေ့ထဲမှာ  အပူချိန် ၆၀ဝ ဝပ်နှင့် စက္ကန့် ၅၀ မှ ၆၀ အထိ ထားပါ။

 

၂။ကြက်သားကို အရိုးထုတ်ပြီး အသားအမျှင်လေးတွေ မြွှာပါ။

 

၃။ကြက်သားအမျှင်လေးတွေကို ပန်းကန်ထဲမှာ ရှိနေတဲ့ အရည်တွေနဲ့ ရောနယ်ပါ။

 

၄။ ဗိုလ်စားပဲသီးတွေကို အမျှင်ထုတ်ပါ။ အိုးတစ်လုံးထဲမှာ ရေ ၅၀ဝ မီလီလီတာ ထည့်ပါ။ ဆား  တစ်ဇွန်းရဲ့ လေးပုံတစ်ပုံစာ ထည့်ပြီး ပဲသီးများကို  ၃မိနစ်ခန့် ပြုတ်ပါ။ ထို့နောက် ရေအေးထဲ ခဏထားပြီး ရေစစ်ကာ ၄ စင်တီမီတာအရွယ် အပိုင်းလေးတွေ ပိုင်းပါ။

 

၅။ ရောစပ်ရမယ့် အမယ်တွေကို ဇလုံတစ်ခုထဲ ထည့်ပြီး သကြားတွေ အရည်ပျော်သည်အထိ မွှေပေးပါ။

 

၆။ ထို့နောက် ကြက်သားနှင့် ပဲသီးတို့ကို ထည့်ပြီး သမအောင် မွှေပေးပါ။

 

ကိုးကား-NHK