ရန်ကုန် စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်တွင် ပြေစာများပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း ဆိုင်ရာ အခွန်အသိ ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက်က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာမိုးက ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အခွန်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)


