၁၆ မတ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် နယူးယောက်မြို့ရှိ အစိုးရကျောင်းများ အားလုံးကို ယနေ့မှစတင်ပြီး ပိတ်ထားလိုက်ပြီဖြစ်သည်။
မြို့တော်ဝန် ဘီလ်ဒီဘလဲစီယိုက တနင်္ဂနွေနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
သူငယ်တန်းမှစပြီး အထက်တန်းထိ ကျောင်းပေါင်း ၁၉၀၀ကို ဧပြီလ ၂၀ရက်နေ့အစောပိုင်းအထိ ပိတ်ထားမည်ဖြစ်သည်ဟု ဆိုသည်။
နယူးယောက်မြို့တွင် ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ အရေအတွက်မှာ တိုးမြှင့်လာသည်ကို တွေ့ရသည်။
တနင်္ဂနွေနေ့က လူပေါင်း ၃၂၉ ဉီး ကူးစက်ခံခဲ့ရပြီး ငါးဉီးမှာ သေဆုံးခဲ့သည်။
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အများအပြားနှင့် အနောက်မြောက်ဘက်တွင်ရှိသည့် ဝါရှင်တန် အပါအဝင် အစိုးရကျောင်းများကို ပိတ်ထားမည်ဖြစ်ပြီး အိုဟိုင်းအိုးပြည်နယ်နှင့် မေရီလန်းပြည်နယ်ရှိ ကျောင်းများကိုလည်း ပိတ်ထားမည်ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


