၁၈ မတ်

 

ဗင်နီဇွဲလားနိုင်ငံက ကမ္ဘာ့ကပ်ရောဂါ COVID 19 ကိုတိုက်ဖျက်ရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကို မနေ့က ချေးငှားရာ နာရီပိုင်းအတွင်းမှာ ပယ်ချကြောင်း IMF က ထုတ်ပြန်လိုက်ပါတယ်။

 

ဗင်နီဇွဲလား သမ္မတ မာဒူရိုရဲ့ ချေးငွေ မေတ္တာရပ်ခံချက်ကို ဝါရှင်တန်အခြေစိုက် IMF က ဗင်နီဇွဲလားအစိုးရနဲ့ပတ်သက်ပြီး နိုင်ငံတကာက ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုမှု မရှိတဲ့အတွက် ပယ်ချကြောင်း တုံ့ပြန်ပါတယ်။

 

မာဒူရိုကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က သမ္မတအဖြစ် အသိအမှတ်မပြုတာ တစ်နှစ်ကျော်ကြာပြီဖြစ်ပါတယ်။ သူ့ကိုယ်သူ သမ္မတလို့ကြေညာထားတဲ့ အတိုက်ခံခေါင်းဆောင် ဂွိုက်ဒို ကို အမေရိကန်နဲ့ မဟာမိတ်တွေက ထောက်ခံထားတာဖြစ်ပါတယ်။

 

မာဒူရိုအပေါ်ထားရှိတဲ့  အမေရိကန်နဲ့ နိုင်ငံတကာရဲ့ ဖိအားတွေဟာ တရုတ်နဲ့ ရုရှားနိုင်ငံတွေက ထောက်ခံမှုနဲ့ ဗင်နီဇွဲလားစစ်တပ်ရဲ့ ထောက်ခံမှုအောက်မှာ ကျဆုံးနေတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား -AFP