ဗန်းမော်   ၂၇   မေ   


    
ကချင်ပြည်နယ် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၁၈-၂၀၁၉ ခုနှစ်ပညာသင်နှစ်အတွက် ဗန်းမော်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၇)ကျောင်းနှင့် ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို မေ ၂၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

ိိ

   
ထောက်ပံ့ငွေပေးအပ်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၊ ဗန်းမော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်တို့က အမှာစကားပြောကြားကြသည်။ 

 

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၊ ဗန်းမော်ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းနှင့်တာဝန်ရှိသူများတို့က ဗန်းမော်ခရိုင်အတွင်းရှိ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်း(၇)ကျောင်းဖြစ်သော ဗန်းမော်မြို့ သာစည်ရပ်ကွက် ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်း၊ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ကိုယ့်အားကိုယ်ကိုး မူလတန်ကြိုကျောင်း၊ အမှတ်(၂၃၆)ခြေလျင်တပ်ရင်းမှ ကိုယ့်အားကိုယ်ကိုး မူလတန်ကြိုကျောင်း၊ အမှတ်(၄၇) ခြေလျင်တပ်ရင်းမှ ကိုယ့်အားကိုယ်ကိုးမူလတန်ကြိုကျောင်း၊ ရွှေကူမြို့ “မြို့မ” ကိုယ့်အားကိုယ်ကိုးမူလတန်ကြိုကျောင်း၊ ရွှေကူမြို့နယ် အမှတ်(၅၆) ခြေလျင် တပ်ရင်းမှ ကိုယ့်အားကိုယ်ကိုးမူလတန်ကြိုကျောင်းနှင့် မိုးမောက်ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတို့ တစ်နှစ်ထောက်ပံ့ကြေးအတွက် တစ်ကျောင်းလျှင် တာဝန်ခံဆရာမနှင့် စာသင်ဆရာမ (၂)ဦးအတွက် (၆)သိန်းနှင့် သင်ထောက်ကူပစ္စည်းအတွက်ငွေကျပ်(၁)သိန်း စုစုပေါင်းကျပ် (၇)သိန်းစီကို လည်းကောင်း၊ ဗန်းမော်မြို့နယ် တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးညောင်ပင်သာ ပရဟိတဂေဟာ(ဒုတိယအဆင့်)အတွက် ထောက်ပံ့ငွေ(၇၄၈၂ဝဝဝ)ကျပ်၊ တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေး ညောင်ပင်သာပရဟိတဂေဟာ(တတိယအဆင့်)အတွက် ထောက်ပံ့ငွေ (၁၁ဝ၇၆ဝဝဝ) ကျပ်နှင့် ဗန်းမော်မြို့ ဘိုးဘွားရိပ်သာပရဟိတဂေဟာ(တတိယအဆင့်)အတွက် ထောက်ပံ့ငွေ (၂၇၂၇ဝဝဝ) ကျပ်တို့ကို သက်ဆိုင်ရာတာဝန်ခံများသို့ အသီးသီးပေးအပ်ခဲ့ကြောင်း ခရိုင်ပြန်/ဆက် မှ သိရသည်။

 


MDN
                                             
                                            
    
                                    

္တ