ဗန်းမော် ၁ ဧပြီ
ကချင်ပြည်နယ် ဗန်းမော်မြို့၌ ၂၀၁၉ ခုနှစ် ဧပြီလတွင်ကျရောက်မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
“ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို သိမ်တော်ကြီးရှေ့လမ်းဆုံမှတစ်ဆင့် ဗလမင်းထင်မြို့တော်ခမ်းမရှေ့ လမ်းမကြီးတစ်လျှောက်မှ အထက (၁) နှင့် (၂) လမ်းဆုံအထိ ကျင်းပသွားမှာပါ၊ ရေလိုအပ်ချက်ကိုတော့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့က ရေသယ်ယာဉ်တွေနဲ့ ပေးပို့သွားမှာပါ ” ဟု လမ်းလျှောက်သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ရောင်စုံအလှထီးများဖြင့် အလှဆင်ထားပေးမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ စတုဒိသာကျွေးမွေးဧည့်ခံကာ ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


