BTS ရဲ့ ဖျော်ဖြေပွဲလက်မှတ်များ သုံးရက်အတွင်း ရောင်းကုန်ခဲ့

၁၅  မေ

 

တောင်ကိုရီးယား ကမ္ဘာကျော်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့  “BTS”ရဲ့ မြောက်အမေရိကမှာ ပြုလုပ်ဖို့ရာ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတွေရဲ့ လက်မှတ်တွေကိုတော့ စတင်ရောင်းချခဲ့တဲ့ ရက်ကစပြီး သုံးရက်တာကာလအတွင်း အကုန်ရောင်းချခဲ့ရတာ ဖြစ်တယ်လို့ ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ဒီဖျော်ဖြေပွဲတွေကိုတော့ “LOVE YOURSELF” လို့အမည်ပေးထားပြီး အမေရိကားမှာ ချီကာဂို၊ လော့စ်အိန်ဂျလိစ် စတဲ့မြို့တွေနဲ့ ကနေဒါမှာ ဟာမင်တန်အပါအဝင် မြို့တွေမှာ ဖျော်ဖြေပွဲ ၁၄ ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲအတွက် လက်မှတ်တွေကတော့ သုံးရက်တာကာလအတွင်းမှာပင် အကုန်ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ဒီလက်မှတ်တွေကိုတော့ အွန်လိုင်းပေါ်ကနေတစ်ဆင့် ရောင်းချခဲ့တာဖြစ်ပြီး လက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ ၁၀ဝ၀ နဲ့ ရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အေးပြည့်