၂၈ နိုဝင်ဘာ

စာနယ်ဇင်းသမားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး မော်လ်တာ ဝန်ကြီးချုပ် ဂျိုးဆက် မူကက် နှင့် ဆက်နွှယ်သည့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များကို စုံစမ်းစစ်ဆေးနေစဉ် ၎င်းဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။

ဆန္ဒပြသူများသည် အင်္ဂါနေ့ညပိုင်းက ဗယ်လက်တာမြို့တော်ရှိ ပါလီမန်အဆောက်အအုံကို ဝန်းရံကာ ထိုဝန်ကြီးချုပ်ရာထူးမှ ချက်ချင်းနှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလက ကားဗုံးပေါက်ကွဲမှုကြောင်း သတင်းထောက် ဒါဖီ ကာယူအနာ ဂါလီဇာ သေဆုံးခဲ့သည်။

ဝန်ကြီးချုပ်၏ ဆွေမျိုးများ ငွေကြေး သိုဝှက်ထားသည်ဟု စွပ်စွဲပြောဆိုမှု အပါအဝင် နှစ်ပေါင်း ၃၀ တိုင် နိုင်ငံရေးအကျင့်ပျက်ချစားမှုနှင့်ပတ်သက်ပြီး ၎င်းက ရေးသားဖော်ပြခဲ့သည်။

စကမ်ဘီ ရာထူးမှနှုတ်ထွက်သွားပြီ ဖြစ်ကြောင်း သတင်းထောက်များကို အင်္ဂါနေ့က မူကတ် ပြောကြားခဲ့သည်။ခရီးသွားဝန်ကြီးလည်း နှုတ်ထွက်သွားပြီဟု ဒေသခံမီဒီယာက ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က အစိုးရနှင့်ဆက်နွှယ်မှုခိုင်မာသည်ဟု သတင်းရရှိသည့် စီးပွားရေးသမားတစ်ဦးကိုလည်း ဖမ်းဆီးထားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို