စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲများ ဆောမြို့နယ်၌ပြုလုပ်

ဆော  ၁၃  ဇန်နဝါရီ

 

စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဖြစ်သည့် စာပေလေ့လာဖတ်ရှုရေး ဟောပြောပွဲများကို ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဂန့်ဂေါခရိုင် ဆောမြို့နယ်ရှိ ငှက်ပြာကျင်းကျေးရွာ မူလတန်း(လွန်)ကျောင်းနှင့် ငလယ်ခုံကျေးရွာ အလယ်တန်းကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဒေါ်ခိုင်ဇာဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အထ ရှိလာစေရေး၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများနှင့် လူကုန်ကူးခံရနိုင်သည့် အချက်များ စသည်တို့ကို အသိပညာပေး ဟောပြောကာ ကျောင်းသား ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန် စာအုပ် စာစောင်များကို ငှားရမ်းပေးခဲ့သည်။

 

mdn

 

ဟောပြောပွဲသို့ ကျေးရွာနေပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ တက်ရောက်ကြပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသသည့် နိုင်ငံတော်အကြီးအကဲများ၏ မှတ်တမ်းဓာတ်ပုံများ၊ လူကုန်ကူးမှု အသိပညာပေး ပိုစတာများ၊ မူးယစ်ဆေးဝါး အသိပညာပေး စာစောင်များ၊ စာပေဖတ်ရှုခြင်း အသိပညာပေး ဆောင်ပုဒ်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ 

 

ကျော်သန်းဆွေ (ပြန်/ဆက်) 

 

mdn