ဖာပွန် ၁၀ မတ် 

 

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ဖာပွန်မြို့ပေါ်ရပ်ကွက်များရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာသင်ချိန်တွင်သာမက အားလပ်သော အချိန်များတွင်ပါ စာဖတ်ခြင်း အလေ့အထများ ရရှိလာစေရန်၊ စာဖတ်ရှိန်ပိုမိုမြှင့်မားပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်ကို ကောင်းစွာအသုံးချတတ်စေရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် သွားရောက်ငှါးရမ်းပေးလျက်ရှိရာ မတ် ၁ဝ ရက် နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက် စာကြည့်တိုက်သို့သွားရောက်၍ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပြီး စာအုပ်စာစောင်များ ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

 

33

 

နယ်လှည့်အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သက်သက်ဦးက စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ နယ်လှည့်စာကြည့်တိုက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် နယ်လှည့်စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ငှါးရမ်းဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်စာစောင်များကို ငှါးရမ်းပေးခဲ့ပြီး အဆိုပါ ငှါးရမ်းပေးခဲ့သည့် စာအုပ်စာစောင်များကို အချိန်တစ်ပတ်ခန့် ပြန်အပ်စနစ်ဖြင့် အခမဲ့ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)