၂၈ မတ်
စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးသည် မတ်လ (၂၇)ရက်နေ့ ၂၂:၁၅ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ၌ ကွယ်လွန်ခဲ့ပါသည်။ ဆရာမကြီး ဒေါ်ခင်ဆွေဦးသည် စာရေးဆရာကြီး မဟာဆွေ (ဦးဘဆွေ) နှင့် (ဒေါ်ကြည်ကြည်) တို့၏ သမီးဖြစ်ပြီး ၁၉၃၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့၌ မွေးဖွားခဲ့သည်။
ဆရာမကြီးသည် ၁၉၅၆ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၆၇ခုနှစ်တွင် ပညာရေးဝိဇ္ဇာဘွဲ့ကို ထပ်မံရရှိခဲ့သည်။
ဆရာမကြီးသည် ၁၉၄၆ ခုနှစ်၌ သံတော်ဆင့်သတင်းစာ၏ ကလေးစာပေကဏ္ဍတွင် ဆောင်းပါးများစတင် ရေးသားခဲ့ပြီး " ဒို့တိုင်းဌာနီ " (၁၉၆၁) အမည်ရှိ ပထမဆုံး လုံးချင်း ဝတ္ထုကြီးဖြင့် စာပေနယ်တွင် ထင်ရှားခဲ့သူဖြစ်သည်။
MDN


