စစ်ကိုင်း ၁၂ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်၊ နယ်မြေ(၆)၊ မုံရွာ-စစ်ကိုင်း-မန္တလေး လမ်းမကြီး၊ ရတနာပုံတံတားမှ သီရိမင်္ဂလာဂုံးကျော်တံတားလမ်း၊ မိုင်တိုင်အမှတ် (၁/၃)၊ ကျော်ထက်ကွေ့မီးပွိုင့်တွင် ယနေ့ညနေ ၄ နာရီခွဲခန့်က မီးပွိုင့်မိ၍ ရပ်နေသော ဆိုင်ကယ်အား ကျောက်မီးသွေး သယ်ဆောင်လာသော (၁၂) ဘီးယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

 

a

 

အခင်းဖြစ်ပွားရာ နေရာတွင် (၁၂) ဘီးယာဉ်သည် မီးလောင်လျက်ရှိကြောင်း သတင်းရ၍ စစ်ကိုင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁) စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄ နာရီ ၄၀ တွင် မီးငြိမ်းခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ မ(၂)ဦး (စိုးရိမ်ရ)တို့အား အိုးဘိုလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဉီးစီးဌာနမှ သိရသည်။

 

a

 

MDN