စစ်ကိုင်း ၁၉ မတ်
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၊ စက်မှုဇုန်ထိပ်၊ အမှတ် (၃) ခရိုင်ချင်းဆက် လမ်းမအနီး 66/11 ကေဗွီ ၊ 20 အမ်ဗွီအေ ထရန်စဖော်မာတပ်ခြင်း လုပ်ငန်းကို လုပ်ဆောင်လျက်ရှိရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ (၅ဝ) ရာခိုင်နှုန်း ပြီးစီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှ သိရသည်။
ယခုလက်ရှိတွင် စစ်ကိုင်းစက်မှုဇုန်နှင့် အနီးဝန်းကျင်ရပ်ကွက်များသို့ 33/11 ကေဗွီ ၊ 10 အမ်ဗွီအေ ထရန်စဖော်မာ (၂) လုံး၊ 33/11 ကေဗွီ၊ 5 အမ်ဗွီအေ ထရန်စဖော်မာ (၁) လုံးဖြင့် လျှပ်စစ်ဓာတ်အားကို ဖြန်ဝေပေးလျက်ရှိရာ ဓာတ်အားတိုးချဲ့ဖြန့်ဖြူးနိုင်ရေး ထပ်မံတိုးမြှင့် တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းဓာတ်အားခွဲရုံနှင့် ထရန်စဖော်မာ တိုးမြှင့်တပ်ခြင်း လုပ်ငန်းကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၅၇၄.၄၅၅ သန်းဖြင့် (၁.၁ဝ.၂ဝ၁၈) ရက်နေ့မှ စတင်တည်ဆောက်လျက်ရှိပြီး မေလကုန်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဓာတ်အားခွဲရုံတည်ဆောက်ခြင်းနှင့် 66/11 ကေဗွီ ၊ 20 အမ်ဗွီအေ ထရန်စဖော်မာတပ်ခြင်း လုပ်ငန်းပြီးစီးပါက စက်မှုဇုန်ရှိစက်ရုံ၊ အလုပ်ရုံများ လျှပ်စစ်ဓာတ်အားပိုမို သုံးစွဲနိုင်ရန်နှင့် ထရန်စဖော်မာတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား တိုးချဲ့အသုံးမပြုနိုင်ရန် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားကို တိုးချဲ့အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


