စစ်ကိုင်းမြို့တွင် ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာများထောက်ပံ့ပေး

စစ်ကိုင်း ဧပြီ ၇

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် စစ်ကိုင်းခရိုင်အတွင်းရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို သောတာပန်ရပ်ကွက် လေးကျွန်းမာရ်အောင် မြတ်စွာဘုရာကြီးအတွင်းရှိ ဓမ္မဒူတရောင်ခြည်ဓမ္မာရုံတွင် ယနေ့ နံနက် ၁၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရိက္ခာဆန်များ ထောက်ပံ့ပေးရာတွင် စစ်ကိုင်းခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက တစ်ဦးချင်းအလိုက် ဝန်ထမ်းစိစစ်ရေးကတ်၊ နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်များဖြင့် တိုက်ဆိုင်စစ်ဆေး မှတ်တမ်းထားရှိခြင်း၊ နေ့စဉ်ခွဲဝေပြီးစီးမှု အခြေအနေများအား စာရင်းရှိ၊ ထုတ်ဝေပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ၍ စနစ်တကျ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

 

စစ်ကိုင်းမြို့ ရပ်ကွက်များရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူ ပြည်သူ ၉၁၁၂ ဦး၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု ၂၆၆၀ ဦး စုစုပေါင်း ၁၁၇၇၂ ဦးတို့အား တစ်ဦးလျှင် တစ်ရက် နို့ဆီဘူး (၂)ဘူးနှုန်းဖြင့် (၃)လစာအား ထောက်ပံ့ပေးအပ်သွားမည်ရာ ယနေ့တွင် သောတာပန်နှင့် ထုံးဘိုရပ်ကွက်ရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား စတင်ထောက်ပံ့ပေးခြင်းဖြစ်ပြီး အခြားရပ်ကွက်များမှ ကျန်ရှိသည့် ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများကိုလည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မြင့်နိုင်