စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

 

နေပြည်တော် ဧပြီ ၂၃ 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၂၀၂ ဒသမ ၉၈၀ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ခန္တီး - တိန်းအင် - လက်ပံသာ - မှန်ပင် - ကောင်းမှု - ဖောင်ဆိုင် - ပဒူးမုန်း ရွာသစ် မြေသားလမ်းမိုင် ၂၀ ပေါ်၌ ၅ မိုင် အမာခံလမ်းခင်းခြင်းနှင့် Box Culvert ၅ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

အဆိုပါ လမ်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာ ၆ ရွာမှ ဒေသခံပြည်သူများ ခရီးသွားလာမှုလွယ်ကူလျင်မြန်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်