မင်းလှ ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် စစ်ကွင်းမြို့၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် Grade-12 လူရည်ချွန်ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့က အထက(စစ်ကွင်း) ရွှေရတုခန်းမ၌ ကျင်းပသည်။

ပေးအပ်ချီးမြှင့်

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကား ပြောကြားပြီ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ချိုက ပညာရေး ကိစ္စရပ်များကို ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ က ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင် သည့် ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြပြီး Grade-12 လူရည်ချွန်ဆုရရှိသည့် မထက်ထက်အောင်အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)