စစ်တွေ ၉  ဖေဖော်ဝါရီ  

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မောလိပ်ရပ်ကွက်ရှိ ယခင်တက္ကသိုလ်ကျောင်းဖွင့်လှစ်ခဲ့သည့် ကျောင်းဝင်းအတွင်း ကျောင်းဆောင် နှစ်ဆောင် ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်သည့် အကြောင်းအရင်းမှာ ကျောင်းဝင်းအတွင်းရှိ ဝေသာလီဆောင်နှင့်  ပိုးဝါဆောင် နှစ်ဆောင်အား အနီးရှိ အမှိုက်ပုံမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ မီးလောင်ရာသို့ ပြည်နယ်မီးသတ် ဦးစီးမှူး ဦးသန်းထိုက် ဦးစီးပြီး အုပ်ချုပ်မှုယာဉ် တစ်စီး နှင့် မီးသတ်ယာဉ် ရှစ်စီး ဖြင့် ခရိုင် ၊ မြို့နယ်မီးသတ်ဉီးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ပြည်သူများက ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခန့်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။

 

‌ေ

 


အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ ကျောင်းဆောင်နှစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့ပြီး၊ အခြားသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)