၂၉ ဖေဖော်ဝါရီ
ယနေ့ ည ၈ နာရီ ၁၃မိနစ်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့ - အရှေ့မြောက်ဘက် (၇၅)မိုင် ခန့်ကွာဝေးသော စေတုတ္တရာမြို့၏ အနောက်တောင်ဘက် (၁၇)မိုင် ခန့်အကွာတွင် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် ၂၀ ဒသမ ၃၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ဝ၃ ဒီဂရီ၊ အနက် (၂၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
MDN


