နေပြည်တော် ၆ မေ
ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးရှိ ဆွာချောင်း တံတား ပြုပြင်ခြင်းမှ တံတားတိုင်များ မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ယာယီ ဘေလီတံတား ဖြတ်သန်းခွင့်ကို မေလ(၇) ရက် နံနက် ၇ နာရီမှ စ ၍ ပြင်ဆင်ခြင်းလုပ်ငန်းပြီးဆုံးချိန်အထိ ယာယီ ပိတ်မည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဆွာချောင်း တံတား(နေပြည်တော်-ရန်ကုန်လမ်း)ကိုသာ တစ်ဘက်ပိတ် တစ်ဘက်ဖွင့် စံနစ်ဖြင့် ယာဉ်ဖြတ်သန်း နိုင်စေရန်ဆောင်ရွက်သွားမည်ဖြစ်၍ ခရီးသွားပြည်သူများ သိရှိစေရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ကြိုတင်အသိပေးထားသည်။
MDN


