၉ ဒီဇင်ဘာ

ဆာမိုအာကျွန်းနိုင်ငံ၏ ဝက်သက်ရောဂါ ကူးစက်မှုတွင် နှစ်ဦးထပ်မံသေဆုံးခဲ့ရာ အောက်တိုဘာလလယ်တွင် ဖြစ်ပွားပြီးချိန်မှစတင်ကာ သေဆုံးသူ ၇၀ ဦး ရှိလာပြီဖြစ်ကြောင်း ဆမိုးအား အစိုးရက ယနေ့အတည်ပြု ပြောကြားခဲ့သည်။

 

m2

 

အဆိုပါ ဝက်သက်ရောဂါကြောင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း နှစ်ဦးသေဆုံးခဲ့မှုနှင့်အတူ  အသက်လေးနှစ်အောက်ကလေးငယ် ၆၁ ဦး သေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၇၀ ရှိပြီဟု ဆာမိုအာ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း ယနေ့ဖော်ပြခဲ့သော အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဝက်သက်ရောဂါ ဖြစ်ပွားသူ ၁၁၂ ဦးရှိပြီး ယခုအချိန်ထိ ဝက်သက်ဖြစ်ပွားသူ စုစုပေါင်း ၄၆၉၃ ဦး ရှိကြောင်း ရောဂါကာကွယ်စောင့်ရှောက်ရေးအဖွဲ့သို့ တင်ပြထားကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခုအခါ ထိုကျွန်းနိုင်ငံတွင်  ဝက်သက်ရောဂါဖြစ်ပွားသူ ၁၅၉ ဦး  ဆေးရုံတင်ထားရကြောင်း ဖော်ပြထားသည်။

ဆာမိုအာနိုင်ငံသည် အရေးပေါ်အခြေအနေဖြစ်ပေါ်နေပြီး စာသင်ကျောင်းများအားလုံး ပိတ်ထားကာ အများပြည်သူ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောက်ရွက်နေပြီး နိုင်ငံအတွင်း လူထုစုဝေးခြင်းကို ကန့်သတ်ထားသည်။

ဝက်သက်ရောဂါသည် အလွန်ကူးစက်လွယ်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ရာ ကူးစက်ခံထားရသူများ၏ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းတို့မှ (အရည်) အစက်ကလေးများမှတစ်ဆင့် ကူးစက်ခဲ့ကြခြင်းဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကူးစက်ခံရသော ကလေးငယ်များသည်  ၅ မှ ၁၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်သည်ဟု တွေ့ရှိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို