ဆော ၉ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ဆော-ဆိပ်ဖြူကားလမ်း၊ မိုင်တိုင်အမှတ် (၅၀/၃)နှင့် (၅၀/၄)ကြား၊ သုံးလံပြည့်ကျေးရွာ၊ ထယ်ပင်သစ်ဆိပ်အနီးတွင်  ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က (၆)ဘီး ယာဉ်(၁)စီးသည် ယားခင်းထဲမှ ဝါးများတင်ဆောင်လာပြီး မောင်းနှင်လာစဉ် လမ်းကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

mdn

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ဆောမြို့နယ်မီးသတ်စခန်းမှသွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ကျား(၁)ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ဆောမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

mdn

 

MDN

Crd, Myanmar Fire Service Department