ဆော   ၂၅  ဒီဇင်ဘာ

 

ဆော-ဆိပ်ဖြူကားလမ်း မိုင်တိုင်အမှတ် (၅၅/၁)နှင့် (၅၅/၂) မိုင်ကြားတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ခြောက်ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်ကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယဉ်မောင်း ချစ်စန်းမောင် မောင်းနှင်လာသည့် ခြောက်ဘီးယာဉ်မှာ ဆော-ဆိပ်ဖြူကားလမ်း မိုင်တိုင်အမှတ် (၅၅/၁)နှင့် (၅၅/၂) မိုင်ကြားအရောက်တွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၁၉ ဦးအနက် ၄ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

 

58

 

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိသူများအား ဆောမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ချစ်စန်းမောင်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ဖမ်းဆီးရမိရေး ဆောမြို့ နယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ပြန်/ဆက်)