ဆောင်းဟေကိုနဲ့ ပါ့ခ်ဘိုဂန်းတို့ရဲ့ ရုပ်ရှင်သစ်ကို ဒီဇင်ဘာလအတွင်း ထုတ်လွှင့်မည်

၇ ဇူလိုင်

 

တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာ မင်္ဂလာပွဲကျင်းပပြီး နောက် သူ့ရဲ့ ပထမဆုံးသော ဇာတ်လမ်းတွဲရုပ်ရှင်ကို လက်ခံရိုက်ကူး ပေးဖို့ရာ သဘောတူလိုက်ပြီဖြစ်ပါတယ်။ လပေါင်းများစွာ အဆိုပါ ဇာတ်လမ်းတွေမှာ ပါဝင်မှာဖြစ်တယ်လို့ ကောလာဟလတွေ ပေါ်ထွက်ခဲ့ပြီးနောက် လတ်တလောမှာတော့ လက်ခံလိုက်ပြီဟု ပြောကြားလာတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ဆောင်းဟေကိုဟာ မင်းသားပါ့ခ်ဘိုဂန်းနဲ့ တွဲဖက်ပါဝင်သွားရမှာဖြစ် တယ်လို့ ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

 

ဒီဇာတ်လမ်းတွဲရဲ့အမည်ကိုတော့ ''Boyfriend''လို့ ပေးထားပြီး ဆောင်းဟေကို ပါဝင်သွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလအတွင်း စတင်ထုတ်လွှင့်သွားမှာ ဖြစ်တယ်ဟု ရုပ်ရှင်အဖွဲ့သား တစ်ဦးက ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

 

''Boyfriend'' ဟာ ဘဝမှာ အရာရာပြည့်စုံတဲ့ အမျိုးသမီး တစ်ဦးနဲ့ ပိုင်ဆိုင်မှုမရှိတဲ့ သာမန် အမျိုးသား တစ်ဦးအကြားက ဇာတ်လမ်းကို ပုံဖော်သွားမှာပါ။ အဓိက ဇာတ်ကောင်တွေဟာ သူတို့ရဲ့ဘဝတွေကို ဆက်လက် ထိန်းသိမ်းထားရမှာလား၊ သာမန်လူ တစ်ဦးကဲ့သို့ နေထိုင်သွားရမှာလား ဆိုတာ ဆုံးဖြတ်ရဖို့ရှိနေပြီး သူတို့ နှစ်ဦးစလုံးရဲ့ တူညီတဲ့ ဆန္ဒကတော့ သူတို့ရဲ့ဘဝတွကို တစ်ရက်လေးဖြစ်ဖြစ် ပြောင်းလဲနေထိုင်လိုတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

mdn

 

ဒီဇာတ်လမ်းတွဲမှာ ဆောင်းဟေကို ပါဝင်သွားမယ့် ဇာတ်ကောင် ကတော့ ချာဆိုးဟွန်ဖြစ်ပြီး သူဟာ ခင်ပွန်းနဲ့ ကွာရှင်းထားတဲ့ ကလေးတစ်ယောက်မိခင်ဖြစ်ကာ ချမ်းသာတဲ့ မိသားစုမှ မွေးဖွားလာ သူပါ။ မိခင်ရဲ့ စီစဉ်မှုကြောင့် ချမ်းသာတဲ့သူတစ်ဦးနဲ့ အိမ်ထောင် ကျခဲ့ပြီး ဘဝရဲ့ ပျော်ရွှင်မှုတွေကို ခင်ပွန်းသည်ရဲ့ အလုပ်ကိစ္စတွေကြား မြှုပ်နှံထားခဲ့ရသူလည်း ဖြစ်ပါတယ်။ တစ်နေ့မှာ ခင်ပွန်းသည်က သူနဲ့ ကလေးကို ထားခဲ့တာဖြစ်ပါတယ်။

 

ပါ့ခ်ဘိုဂန်းရဲ့ ဇာတ်ကောင် ကမ်ဂျီဟွတ်ကတော့ အချိန်ပိုင်း အလုပ်တွေ များစွာလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး အလုပ်တွေကိုလည်း ရှာဖွေနေသူ သာမန်လူတစ်ဦးဖြစ်ပါတယ်။ သူဟာ အလုပ်လျှောက် ထားခဲ့တဲ့ ကုမ္ပဏီတွေရဲ့ ငြင်းဆိုမှုကို ခံခဲ့ရပြီးနောက် နိုင်ငံခြားခရီး သွားခဲ့စဉ် အမျိုးသမီးတစ်ဦးနဲ့ ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။

 

ဒီဇာတ်လမ်းတွဲဟာ ပရိသတ်တွေရဲ့ အာရုံကို အတော်လေး ဆွဲဆောင်ထားနိုင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဆောင်းဟေကိုနဲ့ ပါ့ခ်ဘိုဂန်း တို့ရဲ့ အလွန်ကို အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေဖြစ်ကြတဲ့ ''Descendants of the Sun (DOTS)'' နဲ့ ''Love in the Moonlight'' အပြီး ပြန်လည်ပါဝင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်တာကြောင့်ပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မင်္ဂလာပွဲ ဆင်နွှဲပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ရိုက်ကူးမယ့် ဆောင်းဟေကိုရဲ့ ဇာတ်လမ်း တွဲလည်းဖြစ်ပြီး ဆောင်းဟေကိုရဲ့ ခင်ပွန်း ဆောင်ဂျွန်ကီနဲ့ ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်မင်းသား ပါ့ခ်ဘိုဂန်းတို့ဟာလည်း အလွန်ကို ရင်းနှီးခဲ့ကြသူတွေဖြစ်ပါတယ်။

 

ဒီလို သတင်းတွေ ထွက်လာခဲ့ပေမယ့် ဒီဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသသွားမယ့် tvN ရုပ်သံလိုင်းကတော့ လတ်တလောမှာ ဆွေးနွေးနေဆဲဖြစ်ကာ ဆောင်းဟေကို ပါဝင်မှာဖြစ်ကြောင်း အတည် ပြုနိုင်ခြင်း မရှိသေးဘူးလို့လည်း တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

 

အေးပြည့်